2024 January 3rd, Hangzhou – Premier Automotive Limited (“PAL”), a proud member of CDSG, recently conducted a signing ceremony of the strategic partnership agreement with ZEEKR Intelligent Technology ("ZEEKR"), the global premium electric mobility technology brand from Geely Holding Group. This event marked the official announcement of PAL's designation as the exclusive distributor for the ZEEKR brand in the Myanmar market. This collaboration signifies a significant milestone in the automotive development of Premier Automotive Limited and will introduce innovative electric vehicle options to consumers in Myanmar.
Myanmar, in a strategic move to boost its electric vehicle (EV) industry, has introduced a series of customs tariff relaxations for EVs via both seaborne and border trade routes, as confirmed by the country’s Ministry of Commerce. The importation of EV chargers has been granted exemption from Customs tariffs, signaling a commitment to fortify the domestic auto market's EV sector. The Myanmar Investment Commission, in alignment with its notification on February 2023, has designated electric vehicles and related businesses as a priority sector for promotion.
Enterprises involved in the installation, manufacturing, and restoration services of EVs, renewable electricity generation, EV charging services, electric vehicle battery production, and related services, as well as scientific research development, fall within these priority sectors.
Notably, EVs are entitled to a zero-Customs tariff status, a decision outlined in a November 2022 notification by the Ministry of Planning and Finance. To further incentivize EV adoption and bolster the related industry, tariffs for battery electric vehicles (BEVs) have been reduced to zero percent for Completely Built Up (CBU), Completely Knocked Down (CKD), and Semi-Knocked Down (SKD) imports, as per the Union Government's directive.
In tandem with these efforts, Myanmar has also instituted general laws governing the importation and display of vehicles in showrooms. The Ministry of Commerce's March 2021 notification outlines specific conditions for showroom licenses, including a deposit requirement, tax clearance, and showroom size specifications.
In light of the dynamic market environment, PAL is proud to introduce the new ZEEKR model line-up, shooting-brake ZEEKR 001, sport-utility ZEEKR X and luxury MPV ZEEKR 009, addressing the demand of Myanmar consumers for high-quality and high-performance electric vehicles. Leveraging its expansive sales network and professional team across Myanmar, PAL is dedicated to providing exceptional car purchasing experiences and after-sales services to consumers.
U Aung Myo Myat, CEO of Premier Automotive Limited said that “We are very excited to have ZEEKR, a reputable name in the EV market, with full backing from Geely Holding Group. As the official distributor of ZEEKR, we look forward to serving premium auto market demand by delivering high-performance EVs in Myanmar”.
ZEEKR, headquartered in Hangzhou, China. Renowned for pioneering innovative and sustainable mobility solutions, the Group oversees a diverse array of brands including Geely Auto, Lynk & Co, ZEEKR, Volvo Cars, Polestar, Lotus, London Electric Vehicle Company, Maple Auto, Farizon Auto, RADAR AUTO, and CaoCao Mobility.
Yet, ZEEKR emerges as the Group's latest triumph, assuming a pivotal role in shaping the future of transportation. Fueled by cutting-edge technology and an unwavering dedication to prioritizing customers, ZEEKR takes the lead in embodying the Group's commitment to excellence in every endeavor.
Having been established in 2017, PAL stands as one of the most influential automobile dealership groups in Myanmar. Boasting extensive experience and expertise as a strategic partner of international automotive groups, PAL delivers comprehensive automobile sales and after-sales services to consumers. In response to the rapid expansion of the electric vehicle market in recent years, PAL has proactively adapted by establishing more electric vehicle sales outlets and charging facilities. Additionally, the group has prioritized electric vehicle maintenance training for technicians, showcasing a commitment to delivering top-notch collaborative services and seamless experiences to electric vehicle owners in Myanmar.
With the distributorship agreement freshly signed, PAL is poised to embark on an electrifying transformation. The group eagerly anticipates the forthcoming official sales and service launch of ZEEKR in the Myanmar market. Stay tuned for an exciting shift in the landscape of Myanmar mobility, characterized by sustainable, intelligent, and cutting-edge transportation, all thanks to the strategic partnership between ZEEKR and PAL.
Founded in 2017, Premier Automotive Limited is the integrated Automotive Corporation as a member of CDSG. Premier Automotive Ltd (PAL) is awarded as:
PAL local presence and knowledge of the market, coupled with its international expertise, makes them reliable partners and trusted custodians of the best global automotive products. Our staff operates at the highest level of performance with dedication to customer service and commitment to meeting the highest customer expectations. PAL makes every showroom and service center experience consistent with the overall brand values and expectations of both brand owners and customers.
PAL is committed to becoming most successful and competitive auto company in Myanmar, providing consumers with high-quality, professional service experience and leading the development of the Myanmar auto market. PAL will continue to introduce new products and advanced technologies into the Myanmar market. In the same time, as a responsible corporate citizen, PAL will make continuous efforts to achieve sustainable development in Myanmar society and to pass the Joy of responsibility, to create the Joy of value, to share the Joy of making progress along with the warm-hearted people of all circles of life.
ဇန်နဝါရီ ၃ရက်၊ ၂၀၂၄ခုနှစ်၊ ဟန်ကျိုး – CDSG ၏ အဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်သော Premier Automotive Limited (“PAL”) သည် Geely Holding Group မှ ကမ္ဘာလုံးဆိုင်ရာ ပရီမီယံလျှပ်စစ်နည်းပညာအမှတ်တံဆိပ်ဖြစ်သော ZEEKR Intelligent Technology ("ZEEKR") နှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှုသဘောတူညီချက်ကို မကြာသေးမီက ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံဈေးကွက်တွင် ZEEKR အမှတ်တံဆိပ်အတွက် သီးသန့်ဖြန့်ဖြူးသူအဖြစ် PAL ၏ တရားဝင်ကြေငြာချက်အမှတ်အသားဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် Premier Automotive Limited ၏ မော်တော်ကားဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် နည်းပညာမြင့် လျှပ်စစ်ကားကို သုံးစွဲသူများရွေးချယ်နိုင်ရန် မိတ်ဆက်ပေးမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် လျှပ်စစ်ယာဉ် (EV) လုပ်ငန်းကို မြှင့်တင်ရန် မဟာဗျူဟာမြောက် ခြေလှမ်းတစ်ရပ်အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အတည်ပြုထားသည့်အတိုင်း ပင်လယ်ကူးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ EV များအတွက် အကောက်ခွန် လျှော့ပေါ့ပေးမှုကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ EV အားသွင်းကိရိယာများ တင်သွင်းမှုကို အကောက်ခွန်စည်းကြပ်ခွန်များမှ ကင်းလွတ်ခွင့်ပြုထားပြီး၊ ပြည်တွင်းကားစျေးကွက်၏ EV ကဏ္ဍကို အားကောင်းစေမည့် အခြေအနေများဖြစ်ပါသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာနှင့်အညီ လျှပ်စစ်နှင့် ဆက်စပ်လုပ်ငန်းများကို ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ခဲ့သည်။
EV များတပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဝန်ဆောင်မှုများ၊ ပြန်လည်ပြည့်ဖြိုးမြဲလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ EV အားသွင်းဝန်ဆောင်မှုများ၊ လျှပ်စစ်ကားဘက်ထရီထုတ်လုပ်ခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုများအပြင် သိပ္ပံဆိုင်ရာ သုတေသနပြုခြင်းဆိုင်ရာ ဝန်ဆောင်မှုများတွင်ပါ၀င်သော လုပ်ငန်းများသည် အဆိုပါဦးစားပေးကဏ္ဍများအတွင်း အကျုံးဝင်ပါသည်။
ထူးခြားသည်မှာ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ 2022 အမိန့်ကြော်ငြာစာတွင် EV များသည် အကောက်ခွန်မဲ့အကောက် အခြေအနေသို့ ခံစားခွင့်ရှိသည်ဟုဖော်ပြထားသည်။ EV လက်ခံကျင့်သုံးမှု ပိုမိုအားကောင်းလာစေရန်နှင့် ဆက်စပ်စက်မှုလုပ်ငန်းကို အားကောင်းလာစေရန်အတွက် ဘက်ထရီလျှပ်စစ်ကားများ (BEV) များအတွက် သွင်းကုန်ခွန်အား လုံးဝထည့်သွင်းခြင်း (CBU)၊ Completely Knocked Down (CKD) နှင့် Semi-Knocked Down (SKD) တင်သွင်းမှုများအတွက် အခွန်အခများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်အတိုင်း သုညရာခိုင်နှုန်းအထိ လျှော့ချလိုက်ပါသည်။
ယင်းကြိုးပမ်းမှုများနှင့်အတူ မြန်မာနိုင်ငံသည် အရောင်းပြခန်းများတွင် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် ခင်းကျင်းပြသခြင်းဆိုင်ရာ အထွေထွေဥပဒေများကိုလည်း ထည့်သွင်းခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ မတ်လ 2021 ခုနှစ် အမိန့်ကြော်ငြာစာတွင် အရောင်းပြခန်းလိုင်စင်များအတွက် အပ်ငွေ လိုအပ်မှု၊ အခွန်ကင်းရှင်းမှုနှင့် အရောင်းပြခန်း အရွယ်အစားသတ်မှတ်ချက်များ အပါအဝင် သီးခြားအခြေအနေများကို ဖော်ပြထားပါသည်။
ရောင်းအားသွက်သော စျေးကွက်ပတ်ဝန်းကျင်ကြောင့် PAL သည် ZEEKR မော်ဒယ်လ်အသစ်များဖြစ်သည့် Shooting Brake ကားအမျိုးအစား ZEEKR 001၊ Sport-utility ကားအမျိုးအစား ZEEKR X နှင့် ဇိမ်ခံ MPV ကားအမျိုးအစား ZEEKR 009 တို့ကို မြန်မာနိုင်ငံရှိ Customer များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် တင်သွင်းဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပါသည်။ စွမ်းဆောင်ရည်ကောင်းမွန်သော လျှပ်စစ်ကားများ၊ ကျယ်ပြန့်သော အရောင်းကွန်ရက်နှင့် ကျွမ်းကျင်ဝန်ထမ်းများဖြင့် PAL သည် သုံးစွဲသူများအတွက် ထူးထူးခြားခြား ကားဝယ်ယူမှုအတွေ့အကြုံများနှင့် အရောင်းအပြီးဝန်ဆောင်မှုများကို ပေးအပ်ရန် ရည်ရွယ်ပါသည်။
PAL ၏ CEO ဖြစ်သူ ဦးအောင်မျိုးမြတ်က “Geely Holding Group ရဲ့ ခိုင်မာတဲ့ကျောထောက် နောက်ခံနဲ့အတူ EV စျေးကွက်မှာ နာမည်ကျော်ကြားတဲ့ ZEEKR ကိုတင်သွင်းဖြန့်ဖြူးရောင်းချခွင့်ရရှိတဲ့အတွက် အလွန်စိတ်လှုပ်ရှားမိပါတယ်။ ZEEKR ရဲ့ တရားဝင်ဖြန့်ဖြူးသူအနေနဲ့ မြန်မာနိုင်ငံမှာ အရည်အသွေးမြင့် EV များကို တင်သွင်းပြီး Premium စျေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန် မျှော်လင့်ပါတယ်” ဟုပြောကြားခဲ့သည်။
ZEEKR သည် တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် အခြေစိုက်ပြီး ကမ္ဘာ့ကားဈေးကွက်တွင် နာမည်ကျော်ကြားသော Geely Holding Group ၏ Premium EV Brand အဖြစ် ရပ်တည်လျက်ရှိ သည်။ တီထွင်ဆန်းသစ်ပြီး ရေရှည်တည်တံ့သော ရွေ့လျားသွားလာမှုဆိုင်ရာ ဖြေရှင်းချက်များအတွက် Geely Holding Group သည် Geely Auto၊ Lynk & Co၊ ZEEKR၊ Volvo Cars၊ Polestar၊ Lotus၊ London Electric Vehicle Company၊ Maple Auto၊ Farizon Auto၊ RADAR AUTO နှင့် CaoCao အပါအဝင် အမျိုးမျိုးသော နာမည်ကျော်ကားအမှတ်တံဆိပ်များကို စီမံကွပ်ကဲလျက်ရှိပါသည်။
ZEEKR သည် သယ်ယူပို့ဆောင်ရေး၏အနာဂတ်ကိုပုံဖော်ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည့် Geely Group ၏နောက်ဆုံးအောင်မြင်မှုအဖြစ် ပေါ်ထွက်လာသည်။ ခေတ်မီနည်းပညာများနှင့် ဖောက်သည်များကို ဦးစားပေးရန် မယိမ်းယိုင်သော စေတနာထားမှုတို့ဖြင့် ZEEKR သည် ကြိုးပမ်းမှုတိုင်းတွင် ထူးချွန်ရန် Group ၏ ကတိကဝတ်ကို ဖော်ဆောင်ရာတွင် ဦးဆောင်နေပါသည်။
PAL ကို 2017 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင်အကြီးဆုံး မော်တော်ကားရောင်းဝယ်ရေး အဖွဲ့များထဲမှ တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ နိုင်ငံတကာ မော်တော်ကားအဖွဲ့များ၏ မဟာဗျူဟာမြောက် မိတ်ဖက်တစ်ဦးအဖြစ် ကျယ်ပြန့်သော အတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့ကို ဂုဏ်ယူစွာဖြင့် PAL သည် သုံးစွဲသူများထံ ပြီးပြည့်စုံသော မော်တော်ကားရောင်းချမှုနှင့် ရောင်းချပြီးနောက် ဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။ မကြာသေးမီနှစ်များအတွင်း လျှပ်စစ်ကားစျေးကွက် အရှိန်အဟုန်ဖြင့် ချဲ့ထွင်လာမှုကို တုံ့ပြန်သည့်အနေဖြင့် PAL သည် လျှပ်စစ်ကားအရောင်းဆိုင်များနှင့် အားသွင်းကိရိယာများကို တိုးချဲ့ဖွင့်လှစ်ခြင်းဖြင့် တက်ကြွစွာ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခဲ့သည်။ ထို့အပြင် PAL သည် Service Technician များအတွက် လျှပ်စစ်မော်တော်ကား ပြုပြင်ထိန်းသိမ်းရေးသင်တန်းကို ဦးစားပေးလုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ လျှပ်စစ်ကားပိုင်ရှင်များအတွက် ထိပ်တန်းအဆင့် ဝန်ဆောင်မှုများနှင့် ချောမွေ့သောအတွေ့အကြုံများကို ပေးအပ်ရန် ကတိကဝတ်ကို ပြသထားသည်။
Distributorship သဘောတူစာချုပ်ကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ပြီး၊ PAL သည် လျှပ်စစ်ခေတ် အသွင်ကူးပြောင်းမှုကို စတင်ရန် အသင့်ရှိနေပါသည်။ PAL သည် မြန်မာနိုင်ငံဈေးကွက်တွင် ZEEKR Product များအား ရောင်းချမှုနှင့် ဝန်ဆောင်မှု တို့ကိုစတင်မိတ်ဆက်ပေးနိုင်ရန် စိတ်အားထက်သန်စွာ မျှော်လင့်ထားသည်။ ရေရှည်တည်တံ့ခိုင်မြဲသော၊ ဉာဏ်ရည်ထက်မြက်ပြီး ခေတ်မီသော သယ်ယူပို့ဆောင်ရေးဖြင့် မြန်မာနိုင်ငံ၏ ရွေ့လျားသွားလာမှုအခင်းအကျင်းတွင် စိတ်လှုပ်ရှားဖွယ်အပြောင်းအရွှေ့ကို စောင့်မျှော်ကြည့်ရှုလိုက်ပါ။ ကျေးဇူးတင်ပါသည်။
Premier Automotive Limited ကို 2017 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး CDSG ၏ အဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ Premier Automotive Ltd (PAL) ကို အောက်ပါအတိုင်း ချီးမြှင့်သည်။
ကျွန်ုပ်တို့၏ဝန်ထမ်းများသည် ဖောက်သည်ဝန်ဆောင်မှုအပေါ် စေတနာထားကာ ဖောက်သည်များ၏ အမြင့်ဆုံးမျှော်လင့်ချက်များကို ပြည့်မီစေရန် ကတိကဝတ်များဖြင့် စွမ်းဆောင်ရည်အမြင့်ဆုံးအဆင့်တွင် ဆောင်ရွက်ပေးပါသည်။ PAL သည် အရောင်းပြခန်းနှင့် ဝန်ဆောင်မှုစင်တာတိုင်းကို Brand Owner များနှင့် ဖောက်သည်နှစ်ဦးလုံး၏ Brand value နှင့် မျှော်လင့်ချက်များနှင့် အညီဝန်ဆောင်မှုပေးလျက်ရှိပါသည်။
PAL သည် သုံးစွဲသူများအား အရည်အသွေးမြင့်၊ ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုအတွေ့အကြုံများ ပေးအပ်ကာ မြန်မာနိုင်ငံတွင် အပြိုင်အဆိုင် အအောင်မြင်ဆုံး မော်တော်ကားကုမ္ပဏီ ဖြစ်လာရန် ကတိပြုပါသည်။ PAL သည် မြန်မာနိုင်ငံဈေးကွက်သို့ ထုတ်ကုန်အသစ်များနှင့် အဆင့်မြင့်နည်းပညာများကို ဆက်လက်မိတ်ဆက်သွားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် တာဝန်ယူမှုရှိသောနိုင်ငံသား တစ်ဦးအနေဖြင့် PAL သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုရရှိရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး တန်ဖိုးရှိသော ပျော်ရွှင်မှုကို ဖန်တီးရန်၊ တိုးတက်မှု၏ ရွှင်လန်းမှုကို နွေးထွေးသော နှလုံးသားများဖြင့်အားလုံး မျှဝေခံစားနိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။